XianxiaBox
ဝူရှ ရှန်းရှ နှင့် စာပေအစုံအလင်
သူ့ဆံပင်ကတော်တော်လှတယ်နော် ရှောင်ချန်! ဆောင်းတွင်းထဲက နှင်းပွင့်လေးလိုပဲ!
ငါ့မှာ ချင်းဟန်ရဲ့ မေးခွန်းကိုဖြေဖို့ စိတ်မပါခဲ့ဘူး...
ဘိုင်ရွယ့်ဆီမှာ ဘာလို့ လူတွေနဲ့မတူတဲ့ အရှိန်ရှိနေတာလဲ ကို ပိုအာရုံစိုက်နေမိတယ်။
သူမ က မျိုးရိုးဗီဇပေါင်းစပ်အသုံးပြုသူလား? ဒါမှမဟုတ် မျိုးရိုးဗီဇပေါင်းစပ်အသုံးပြုသူ မျိုးရိုးက လာတာများလား?
လွန်ခဲ့တဲ့ရက်အနည်းငယ်က ဘိုင်ရွယ်က ဘယ်သူ့ကိုမှ စကားမပြောဘူး။ အတန်းပြီးရင်လည်း ခုံပေါ် ခေါင်းမှောက်အိပ်နေတာ။ သန့်စင်ခန်းလည်း သိပ်သွားလေ့မရှိဘူး။
ပထမကတော့ တော်တော်များများက သူ့အကြောင်းကိုစပ်စုချင်ကြတယ်။
ဒါပေမယ့် အချိန်ကြာလာတော့ သူတို့လည်း သူမကို သိပ်အာရုံမစိုက်ကြတော့ဘူး။
စာသင်ခန်းက ပုံမှန်အတိုင်းပြန်တိတ်ဆိတ်သွားတယ်။
တစ်လကျော် ကြာပြီးနောက်မှာတော့ အဲ့ဒီလို တိတ်ဆိတ်ငြိမ်သက်နေမှုဟာ နောက်ဆုံးမှာ တစ်စစီ ရိုက်ခွဲခံလိုက်ရပြန်တယ်
ဒီအတောအတွင်းမှာပဲ ဘိုင်ရွှယ် က အဖြူရောင် အရည်တစ်မျိုးကို စတင်ထုတ်လွှတ်လာခဲ့တယ်။
အဲ့အရာက ဘာလဲဆိုတာ မသဲကွဲဘူး ဒါပေမယ့် အနံ့အသက်က အရမ်းဆိုးရွားတယ်...
အဲ့အရည်ကြီးက ဘာကြီးလဲ?
အင်းလေ အနံ့ကြီးက အရမ်းနံတယ်။
အဲ့ဒီအရည်က တစ်မျိုးကြီး ရင်းနှီးနေသလိုပဲ။ မင်းလည်း အရင်လို သန့်ရှင်းစင်ကြယ်မနေတော့ဘူး ထင်တယ်...
ငါက သိပ်သဘောကောင်းတဲ့လူစားမျိုးမို့ မင်းကို ကူညီပေးမယ်။ နည်းနည်းလောက် ဆေးကြောပေးလိုက်ရင် မင်းအတွက် ကောင်းသွားမှာပါ~
ဘာတွေဖြစ်ကုန်တာလဲ? ဘိုင်ရွယ်က အန္တာရယ်ရှိမယ့်လူစားမျိုးလို့ ငါထင်နေတာ...သူကဘာလို့ငိုနေရတာလဲ!?
ရှောင်ချန် , ဘိုင်ရွယ်သနားပါတယ်....ငါတို့ကူညီလိုက်လို့ရမလား?
အေး!
သူ့ရဲကိစ္စက ဘာလဲတော့မသိဘူး။ဒါပေမယ့် ကြည့်ရတာ ငုထင်သလောက်တော့ အန္တာရယ်ရှိမယ့်ပုံမပေါ်ဘူး။ အခုတော့ သူက အနိုင်ကျင့်ခံရတဲ့ မိန်းကလေးတစ်ယောက်ပဲ....
ကွမ်ချွန်း!
ဘိုင်ရွယ့် ခုံပေါ်က ရေတွေကိုသုတ်ပေးလိုက်!
ကိ..ကိစ္စ မရှိပါဘူး ! ငါအခုပဲ သုတ်လိုက်ပါ့မယ်!
စာသင်တာရော ရန်ပွဲတွေမှာပါ တော်တဲ့ လင်းဇီချန်ဆိုတဲ့ကောင်က ကျောင်းမှာ နာမည်ကြီးပဲ။ ခြောက်တန်းကျောင်းသားတွေတောင် သူ့ကို မရှုပ်ရဲကြဘူး...
သူပြောတဲ့အတိုင်း လုပ်လိုက်တာပဲ ကောင်းပါတယ်။
ဘိုင်ရွယ်ကို အနိုင်ကျင့်နေတဲ့သူတွေ အားလုံး ဒီကိုလာခဲ့၊ ပြီးတော့ သူ့ကို အခုချက်ချင်း တောင်းပန်လိုက်ကြ!
ဟုတ်ကဲ့!
ငါတို့မှားသွားပါတယ် ဘိုင်ရွယ်။
ငါတို့တောင်းပန်ပါတယ်။
ငါတို့ကိုခွင့်လွှတ်ပါ။
ငါတို့ နင့်ကို ဘယ်တော့မှ မစတော့ပါဘူး။
ကျေးဇူး... ကျေးဇူးအများကြီးတင်ပါတယ် လင်းဇီချန် နဲ့ ရှန်ချင်းဟန်။
မလိုပါဘူး။ အတန်းဖော်တွေက တစ်ယောက်နဲ့တစ်ယောက် ကူညီရမှာပဲ။
အဲ့ဒီနေ့ကစပြီး ရှန်ချင်းဟန်က ငါ့ကိုပါ သူနဲ့အတူ ခေါ်သွားပြီး ဆံဖြူမလေးနဲ့ သူငယ်ချင်းဖြစ်ဖို့ စတင်ကြိုးစားခဲ့တယ်။
အရသာရှိတဲ့ မုန့်တွေပါတိုင်းလည်း သူက ဆံဖြူမလေးကိုပဲ ပထမဆုံး မျှစားလေ့ရှိတယ်။
အမ်...ငါ...
ငါ့အနံ့က ဆိုးရွားနေတာကို....နင်တို့ ငါ့ကိုမရွံကြဘူးလားဟင်?
ငါတောင်းပန်ပါတယ်...ငါနင်တို့ကိုမယုံလို့မဟုတ်ပါဘူး...
ဒါကတော့ ငါက ငယ်ငယ်လေးကတည်းက ပတ်ဝန်းကျင်မှာရှိတဲ့ လူတိုင်းရဲ့ ဝိုင်းပယ်တာနဲ့ အထင်သေးတာကို အမြဲတမ်း ခံခဲ့ရလို့ပါ...
အဲ့တာကြောင့် တစ်ယောက်ယောက်က ငါ့ဘေးမှာရှိတဲ့အခါကျရင်...ဒီပျော်ရွှင်မှုက...အိပ်မက်တစ်ခုလိုအမှန်မဟုတ်ဘူးလို့ခံစားရတယ်။
မဟုတ်ဘူး။ ဒါ အိပ်မက်မဟုတ်ဘူး။
အဲ့ဒီလိုခံစားချက်မျိုးကို ငါနားလည်တာမို့လို့ ဘယ်တော့မှ၊ ဘယ်သောအခါမှ နင်ကို ရွံရှာမှာမဟုတ်ဘူး... ပြီးတော့ နင်သာ လိုလိုလားလားရှိမယ်ဆိုရင်...
ငါတို့အမြဲတမ်း သူငယ်ချင်းအဖြစ် နေလို့ရတယ်!
ကျေးဇူး... ကျေးဇူးအများကြီးတင်ပါတယ်!!!
ဟင်း အော် ဟုတ်သားပဲ!
ဟန်ဟန်နဲ့ရှောင်ချန်, နင်တို့က ငါ့ကိုမုန့်တွေအမြဲကျွေးပြီး သူငယ်ချင်းအဖြစ်နေပေးခဲ့တယ်။
အဲ့တာကြောင့် ငါလည်း နင်တို့ကိုတစ်ခုခုပြန်ပေးချင်တယ်။
ဒီ သားရဲအစွယ်လေး ၂ခုက မနှစ်က ငါ့အမေ ငါ့ကိုမွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့တာ။
အခုငါနင်ဆို့ကိုပေးမယ်။ နင်တို့ကြိုက်မယ်လို့ ငါမျှော်လင့်တယ်။
ပြီးတော့... သူငယ်ချင်းအဖြစ်လည်း အမြဲတမ်းရှိနေဖို့ရောပဲ။
ငါတို့ရှိနိုင်မှာပါ!!
ငါတို့က သူငယ်ချင်းတွေအဖြစ် အမြဲတမ်း တစ်သက်လုံးရှိနေမှာ!!!
ရှန်ချင်းဟန်က ဒီသူငယ်ချင်းသံယောဇဉ်ဟာ ထာဝရတည်မြဲသွားလိမ့်မယ်လို့ ထင်မှတ်နေခဲ့တဲ့ အချိန်မှာပဲ မမျှော်လင့်ထားတဲ့အရာ ဖြစ်ပျက်ခဲ့တယ်။
ဘာ!! ဘိုင်ရွှယ်က ကျောင်းပြောင်းသွားပြီလို့ နင်ပြောနေတာလား??
ဟုတ်တယ်။ သူ ကျောင်းထွက်စာတွေ ဖြည့်နေတာကို ငါ့မျက်စိနဲ့တပ်အပ် မြင်ခဲ့တာ။
မင်းကိုဒုက္ခပေးမိလို့ စိတ်မကောင်းပါဘူး။
ကျေးဇူးတင်ပါတယ်။
ရပါတယ်ကွာ။ ဘိုင်ရွှယ်ရဲ့ စာရွက်စာတမ်းကိစ္စတွေ အားလုံးကို အပြီးသတ် ကိုင်တွယ်ဖြေရှင်းပြီးပြီ၊ သူ့ရဲ့ အချက်အလက်တွေကိုလည်း လုံးဝလျှို့ဝှက်ထားပေးမယ်။
ဒါဆို ဘိုင်ရွှယ်ရဲ့ နောက်ခံက တကယ်ပဲ မရိုးရှင်းခဲ့ဘူးပေါ့... အဲ့ဒီနေ့ကစပြီး ဘိုင်ရွှယ်ကို ငါ နောက်တစ်ကြိမ် ထပ်မတွေ့ရတော့ဘူး။ သူမက ငါတို့ရဲ့ ကလေးဘဝထဲကို ခဏတာ ဖြတ်သန်းသွားခဲ့တဲ့သူတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်...
ဘိုင်ရွှယ်ရဲ့ ထွက်ခွာသွားမှုထက် နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကသာ ငါ့ရဲ့ အာရုံစိုက်မှုကို တကယ်ပဲ ဖမ်းစားနိုင်ခဲ့တာ...
မေမေ၊ ဖိပေးတာ အဆင်ပြေရဲ့လား?
အတော်ပဲ ! ဒီနေ့ တစ်နေကုန် ဝတ္ထုရေးနေတာနဲ့ လက်ညောင်းနေတာ။ တော်သေးတာပေါ့ မေမေ့ရဲ့ ရှောင်ချန်လေးရှိလို့၊ ပခုံးတွေကိုနှိပ်ပေးတော့ အခုမှပဲ တော်တော်လေး သက်သာသွားတော့တယ်!
ငါ့ရဲ့ ပင်ကိုဉာဏ်စွမ်းရည် အထောက်အပံ့ကြောင့် ကျွမ်းကျင်အဆင့်မီ အနှိပ်ပညာရပ်တွေကို တတ်မြောက်ခဲ့တယ်။ ဒါက ဒီလောက်အသုံးဝင်မယ်လို့ မထင်ထားခဲ့ဘူး။
အခုတော့ ထူးခြားတဲ့ သတင်းကောင်းအချို့အတွက်ပါ။ ကျိုတိုက ပါရမီရှင်လေးရဲ့ နောက်ထပ် မယုံကြည်နိုင်စရာ အောင်မြင်မှုတစ်ခုပါပဲ!
အသက် ၁၀ နှစ်အရွယ်မှာတင် သူဟာ ထူးခြားဆန်းပြားတဲ့ သားရဲမျိုးဗီဇတွေနဲ့ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ပြီး ပိဿာတစ်ထောင် အလေးချိန်ရှိတဲ့ ကျောက်တုံးကြီးကို လက်တစ်ဖက်တည်းနဲ့ မနိုင်ခဲ့ပါတယ်!!
ဒါက သူပဲ... သူက မျိုးဗီဇပေါင်းစပ်ခြင်းကို စတင်နေပြီပဲ။
ကျိုတိုက ပါရမီရှင်လေး နောက်တစ်ခါပြန်ပါလာပြန်ပြီလား!? သူက တီဗွီထဲမှာ အမြဲတမ်းပါနေတာပဲ။ သူ့ကို ပစ္စည်းတွေ လိုက်ကြော်ငြာပေးရတဲ့ သူတစ်ယောက်ဖြစ်အောင် လုပ်ဖို့ ကြိုးစားနေကြတာလား?
အင်းလေ... သူက ကျိုတိုက နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိတဲ့ သိုင်းပညာမျိုးရိုးမိသားစုကလေ။ သူတို့ဆီမှာ အဆင့်မြင့် မျိုးဗီဇပေါင်းစပ်တဲ့ နည်းပညာတွေ ရှိလောက်မှာပေါ့။
ဒါပေမဲ့ အဲ့ဒါက ကိုယ့်ကလေးကိုယ် စမ်းသပ်ခံ ကြွက်ဖြူတစ်ကောင်လို အသုံးချဖို့ အကြောင်းပြချက် မဖြစ်နိုင်ဘူးမလား?
သိုင်းပညာမျိုးရိုးမိသားစုတွေအတွက်တော့ မိသားစုရဲ့ အကျိုးစီးပွားက တစ်ဦးတစ်ယောက်ချင်းစီရဲ့ အကျိုးစီးပွားထက် အမြဲတမ်း အရေးကြီးတာပဲ။ အဲ့ဒါကြောင့်လည်း သူတို့က သိုင်းပညာမျိုးရိုးမိသားစုအဖြစ် ရပ်တည်နိုင်ခဲ့ကြတာပေါ့။
ဟုတ်ပါတယ် ဟုတ်ပါတယ် ရှင်ပဲအကုန်သိပါတယ်!!!
ဒီ ကျိုတိုက ပါရမီရှင်က အရင်က လက်တစ်ဖက်တည်းနဲ့ ၁၀၀ ကီလိုဂရမ်ရှိတဲ့ ဘားတန်းကိုပဲ မနိုင်တနိုင် မနိုင်ခဲ့တာ။ မျိုးရိုးဗီဇ ပေါင်းစပ်မှု ပြုလုပ်ပြီးနောက်မှာတော့ သူက ၅၀၀ ကီလိုဂရမ် အလေးချိန်ကို မနိုင်လာပြီ။ ဒါဟာ ၅ ဆတောင် တိုးလာတာပဲ!
ဒါပေမဲ့ ငါက အသက် ၈ နှစ်ပဲ ရှိသေးတာတောင် ဘာမျိုးရိုးဗီဇ ပေါင်းစပ်မှုမှ မရှိဘဲ ၃၀၀ ကီလိုဂရမ် အလေးချိန်ကို လက်တစ်ဖက်တည်းနဲ့ မနိုင်နေပြီ။
ဒီလိုကြည့်မယ်ဆိုရင် ငါ့ရဲ့ ဖြစ်နိုင်စွမ်းက ပိုကြီးတာပဲ!
ဒီလိုမျိုး တွက်ချက်ပြီးတဲ့နောက်မှာတော့ ငါ့ရဲ့ အနာဂတ်အတွက် တော်တော်လေး ယုံကြည်မှု ရှိနေခဲ့တာ။ အဲဒါက နောက်ထပ် သတင်းတစ်ပုဒ်ကို မတွေ့ခင်အထိပေါ့... ကြောက်ရွံ့မှုရဲ့ ထိန်းချုပ်မှုကို ခံရတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို အဲဒီကျမှ ငါအမှန်တကယ် သိလိုက်ရတယ်...
ကျွန်တော်တို့မှာ ထူးခြားသတင်း တစ်ပုဒ်ရှိပါတယ်။
အိမ်နီးချင်းနိုင်ငံတစ်ခုမှာ ပြင်းထန်တဲ့ ပုံစံပျက် သားရဲတိရစ္ဆာန်တွေရဲ့ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
မျက်မြင်သက်သေတွေရဲ့ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်တွေအရ အဲဒီတိုက်ခိုက်မှုမှာ ပုံစံပျက် ကြွက်ကြီးတွေ ပါဝင်ပတ်သက်နေတယ်လို့ ယူဆရပါတယ်။
ကယ်ကြပါ... တစ်ယောက်လောက် ကျွန်မကိုကယ်ကြပါ....